လျှပ်စစ်လိုအပ်ချက် မြင့်မားတဲ့ ‌ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံကြီးများ၊ ဌာနဆိုင်ရာများ၊ အထပ်မြင့်အဆောက်အဦးများ၊၊ Shopping Center များ၊ ဆေးရုံ၊ ဆေးခန်းများ ၊စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင်  မီးစက်များကို လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်စေရန်၊ ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်များရရှိစေရန် စသဖြင့် အသုံးပြုလာကြပါတယ်။

ဒီလို အသုံးပြုလာတာနဲ့ အမျှ မီးစက်ကို ဘေးအန္တရာယ်ကင်းအောင် အသုံးပြုနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ မီးစက်တွေဆိုတာက စက်ပစ္စည်းတွေဖြစ်တဲ့အ‌လျောက် ချို့ယွင်းမှုတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုချို့ယွင်းမှုတွေ ဖြစ်လာတဲ့အခါ မီးစက်မှာ ပေါ်လာတတ်တဲ့ Alarm လေးတွေ အကြောင်းကို မျှဝေလိုပါတယ်။ 

  1. Hz & V  Alarm 

Hz (Hertz) ဆိုတာက မီးစက်ကနေ လျှပ်စစ်ထုတ်လုပ်မှုရဲ့ အမြန်နှုန်းကို တိုင်းတာတဲ့ ယူနစ်တစ်ခုဖြစ်ပြီး V (Voltage) ကတော့ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားရဲ့  ပြင်းအားကို တိုင်းတာတဲ့ ယူနစ်ပဲ ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် မီးစက်တွေမှာ လျှပ်စစ်ထုတ်လုပ်မှုရဲ့ အမြန်နှုန်းက  50 Hz ဝန်းကျင်ထုတ်လွှတ်ပါတယ်။ 52 Hz အထက် ကိုဖြစ်စေ 48 Hz အောက်ဖြစ်စေ ထုတ်လွှတ်တဲ့အခါမှာဆိုရင်တော့ သာမန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေပြီလို့ ယူဆနိုင်ပါတယ်။ 

နောက်ထပ်တစ်ခုကတော့ Voltage ပါ။ မီးစက်တွေမှာ Single- phase အတွက်ဆိုရင် 230V ပြင်းအားရှိပြီး three-phase မှာဆိုရင်တော့ 400V အထိ ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ Voltage အတက်အကျ နှုန်းတွေက စက်ရဲ့ အင်ဂျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး အင်ဂျင်သက်တမ်းကို လျော့ကျစေနိုင်တဲ့ အထိ ဖြစ်စေပါတယ်။ 

မီးစက်ရဲ့ ဒီလို လျှပ်စစ်ထုတ်လုပ်မှုတွေမှာ သာမန်ထက်ပိုတဲ့ Hertz & Voltage အတက်အကျနှုန်းတွေ ရှိလာတဲတဲ့အခါ  Controller (သို့မဟုတ်) Control Panel ကနေ Hz & V  Alarm အဖြစ်နဲ့ warning message သို့မဟုတ် မီးနီလေးကို ပြပေးပါတယ်။ 

Hz & V  Alarm ပေါ်လာတာကို သတိမပြုမိပဲ ဆက်လက် အသုံးပြုမိမယ်ဆိုရင် သာမာန်မဟုတ်တဲ့ လျှပ်စစ်ထုတ်လွှတ်မှုကြောင့် မီးစက်ရဲ့ အပူချိန်လွန်ကဲလာခြင်းနှင့် ချိတ်ဆက်အသုံးပြုထားတဲ့ လျှပ်စစ်ပစ္စည်းများကို ထိခိုက်ပျက်စီးစေခြင်း၊ ဝိုင်ယာကြိုးများလောင်ကျွမ်းပြီး  မီးဘေးအန္တရာယ်ဖြစ်ခြင်းတို့အထိပါ ဖြစ်စေနိုင်ပါတယ်။ 

ဒါကြောင့်မို့ မီးစက်ရဲ့ Hz & V  Alarm ပေါ်လာပါက မီးစက်ကို ချက်ချင်းပိတ်လိုက်တာမျိုးမလုပ်ပဲ    

  • ချိတ်ဆက်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို အရင်ဖြုတ်ပြီး load အသုံးပြုမှုကို လျှော့ချခြင်း။
  • Control Panel ပေါ်မှာပေါ်နေတဲ့ Hz & V  ကို စစ်ဆေးခြင်း။ 
  • မီးစက်မောင်းတဲ့အခါ သာမန်ထက်ပိုဆူတဲ့ အသံ (သို့) ပုံမှန်မဟုတ်တဲ့ အသံမျိုးထွက်မထွက် နားထောင်ကြည့်ခြင်း။
  • မီးစက်ရဲ့ လောင်စာဆီ level ကို စစ်ဆေးပြီး ဆီလိုင်းတွေမှာ ဆီလေခိုခြင်းရှိမရှိ စစ်ဆေးပေးခြင်း။ (ဆီလေခိုနေတာမျိုးဆိုရင် Hand Pump ရိုက်၍ ပြန်လည်အသုံးပြုကြည့်နိုင်ပါတယ်)
  • တတ်သိနားလည်တဲ့ ကျွမ်းကျင် engineer တွေကို စစ်ဆေးစေခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ 
  1. Overheat Alarm 

Overheat Alarm အကြောင်းပြောရမယ်ဆိုရင် အရင်ဆုံး ဘာကြောင့် Overheat ဖြစ်တာလဲဆိုတာကနေ စတင်ရမှာပဲ ဖြစ်ပါတယ်။ အများအားဖြင့်  မီးစက်တွေမှာ Overheat ဖြစ်ရတဲ့ အကြောင်းအရင်း (၆) ချက်ရှိပါတယ်။ 

  • ရေတိုင်ကီ (Radiator) အတွင်း Coolant level လျော့ကျနေခြင်း။ 
  • ရေတိုင်ကီ (Radiator) ရဲ့ Cooling System ပိတ်ဆို့ခြင်း နှင့် ချို့ယွင်းမှုရှိခြင်း။
  • ပန်ကာဒလက်များချောင်နေခြင်း နှင့်  ပန်ကာကြိုးများ Fun Belt (Cooling Fan Belt) များ လျော့နေခြင်း။ 
  • မီးစက်ရဲ့ သာမန်အသုံးပြုနိုင်တဲ့ Load ထက် ပိုသုံးခြင်း။ (Overload ဖြစ်ခြင်း)
  • မီးစက်ကို ဆက်တိုက် မရပ်မနား မောင်းနှင် အသုံးပြုခြင်း။ 
  • သာမန်ထက်အပူလွန်ကဲတဲ့နေရာမှာ မီးစက်ကို ထားရှိခြင်း တို့ပဲ ဖြစ်ပါတယ်။ 

‌ဖော်ပြပါ အကြောင်းအရင်းတွေကြောင့် မီးစက်က အပူချိန်လွန်ကဲလာပြီဆိုရင် မီးစက်ရဲ့   Controller (သို့မဟုတ်) Control Panel မှာ  “High Temperature” သို့မဟုတ်  “Overheat” ဆိုတဲ့ Warning Message လေးပေါ်လာပြီး မီးနီလေးကို ပြပေးပါတယ်။ ဒီ Alarm လေးကို သတိမပြုမိပဲ မီးစက်ကို ဆက်မောင်းပြီး အသုံးပြုနေမယ်ဆိုရင် မီးစက်ကို ထိလို့မရအောင် အပူချိန်မြင့်မားလာခြင်း၊ အသံပိုဆူညံလာခြင်း၊  ရေတိုင်ကီ နှင့် အင်ဂျင်တို့မှ မီးခိုးငွေ့များထွက်လာခြင်း၊ Emergency Breakdown လို့ခေါ်တဲ့ မီးစက်ရုတ်တရက် ထိုးရပ်သွားခြင်းနှင့် အပူလွန်ကဲပြီး ညှော်နံ့များထွက်လာခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ 

Over Heat ဖြစ်လာပြီဆိုရင် သတိပြုမိတဲ့ အချိန်ကစပြီး မီးစက်ကို အဆင့်ဆင့် စနစ်တကျ ပိတ်ပြီး မိနစ် ၃၀ ခန့် အအေးခံထားပြီးမှ စတင်စစ်‌ဆေးသင့်ပါတယ်။ မီးစက်ကို ကိုယ်တိုင် စစ်ဆေးမယ်ဆိုရင်တော့ coolant level၊ oil level၊ ရေတိုင်ကီအတွင်းရေယိုစိမ့်မှုရှိမရှိ စစ်ဆေးခြင်း ရေအလုံအလောက်ကျန်မကျန် စစ်ဆေးခြင်း၊ ရေတိုင်ကီယိုစိမ့်မှုရှိမရှိ စစ်ဆေးခြင်းနှင့် Fun Belt ချို့ယွင်းမှုရှိမရှိ စစ်‌ဆေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ (ရေတိုင်ကီကို စစ်ဆေးတဲ့အခါ အသုံးပြုနေရာမှ ချက်ချင်းရေတိုင်ကီကို အဖုံးဖွင့်ပြီး စစ်ဆေးတာက ရေတိုင်ကီအတွင်းမှ Pressure ကြောင့် ရေပူတွေက အပြင်ကို ကန်ထွက်လာပြီး လူ့အရေပြားကို ထိခိုက်စေတာမို့ အချိန်ခဏစောင့်ပြီးမှသာ စစ်ဆေးသင့်ပါတယ်။)

မီးစက်တွေကို အပူမလွန်ကဲစေရန် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားရှိခြင်း၊
မီးစက်ရဲ့ ရေတိုင်ကီ (Radiator) ထဲရှိရေအလုံအလောက်ရှိမရှိ ပုံမှန်စစ်ဆေးခြင်း၊  ရေယိုစိမ့်မှု (Coolant Leak) ရှိမရှိစစ်ဆေးခြင်း၊  Fun Belt (Cooling Fan Belt) ချွတ်ယွင်းမှုရှိမရှိသေချာစွာ စစ်ဆေးပေးပြီး Radiator နှင့် Cooling System ကို သန့်ရှင်းရေး လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ 

  1. Over Current  Alarm 

Over Current ဆိုတာက အလွယ်ပြောရမယ်ဆိုရင်တော့ မီးစက်က မနိုင်ဝန်ထမ်းနေရတာပဲ ဖြစ်ပါတယ်။ မီးစက်တွေမှာ KVA အလိုက် အသုံးပြုနိုင်တဲ့ load ပမာဏတွေရှိပြီး load line သုံးလိုင်းကို မျှတအောင် အသုံးပြုပေးရပါတယ်။ 

ပုံမှန်မီးစက်တွေက စက်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးတာဖြစ်တဲ့အတွက် သာမန်ထက်ပိုတဲ့ လျှပ်စစ်ပမာဏကို မကြာခဏ အသုံးပြုမိတဲ့အခါ မီးစက်ရဲ့   Controller (သို့မဟုတ်) Control Panel ကနေ Overcurrent Alarm၊ Overload Trip၊ High Amps Detected ဆိုတဲ့ စာလေးတွေနဲ့အတူ သတိပေးချက်ဖော်ပြလေ့ရှိပါတယ်။ 

မီးစက်မှာ Overcurrent ဖြစ်တာကို သတိမပြုမူပဲ ဆက်လက်အသုံးပြုမိပါက 

  • အပူလွန်ကဲလာခြင်း၊။
  • ချိတ်ဆက်ထားသော ဝိုင်ယာကြိုးများ လောင်ကျွမ်းခြင်း။
  • ရုတ်တရက် မီးစက်ပိတ်ကျသွားခြင်းတို့ကို ကြုံရနိုင်ပါတယ်။ 

ဒါကြောင့် မီးစက်တွေမှာ Overcurrent Alarm ပေါ်လာပြီဆိုလျှင် Load အသုံးပြုမှုကို လျှော့ချနိုင်ဖို့အတွက် ချိတ်ဆက်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်၍  Safety Switch (breaker) ကို နှိပ်ကာ မီးစက်ကို အပိတ်အဖွင့်လုပ်ကြည့်ပြီး ပြန်လည်အသုံးပြုကြည့်နိုင်ပါတယ်။

(မီးစက်ကို ပြန်ဖွင့်တဲ့အခါ Alarm ဆက်ပေါ်နေတာမျိုး (သို့) မီးခိုးငွေ့တွေ ထွက်လာတာမျိုးရှိရင်တော့ တတ်သိနားလည်တဲ့ Service Engineer တွေနဲ့ စစ်ဆေးသင့်ပါတယ်။) 

Overload၊ Overcurrent  မဖြစ်စေဖို့ မီးစက်အသုံးပြုတဲ့အခါ မလိုအပ်သော လျှပ်စစ်သုံးပစ္စည်းများကို ပိတ်ထား၍ Load ကို လျှော့ချနိုင်ပါတယ်။  မီးစက်ကို Instruction ထဲက သတ်မှတ်ပေးထားတဲ့ Load အတိုင်း နှင့် ကျွမ်းကျင်တဲ့  Technical များရဲ့ အကြံပေးချက်များအတိုင်း အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။ 

ဒါ့အပြင် Wire condition စစ်ဆေးခြင်း ၊ Controller Device များကိုစစ်ဆေးခြင်းတို့ကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ 

  1. Oil Pressure  Alarm 

မီးစက်ရဲ့ Oil Pressure က Engine ရဲ့ Performance အပေါ် တိုက်ရိုက်အချိုးကျပါတယ်။ 

Oil Pressure ကောင်းနေမယ် ပုံမှန်ရှိနေမယ်ဆိုရင် မီးစက်ရဲ့ အင်ဂျင်က ပုံမှန်လည်ပတ်နေနိုင်ပြီး Oil Pressure က သာမာန်ထက် လျော့နည်းနေမယ်ဆိုရင် Engine မှာ ချို့ယွင်းမှုတွေ ဖြစ်နိုင်ပါတယ်။ 

Oil Pressure နည်းလာတဲ့အခါ Control Panel မှာ Oil Pressure  Alarm ပေါ်လာပြီးတော့ မီးစက်က ရုတ်တရက် Shut Down ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ 

ဒီလိုအခြေအနေ ကြုံလာရတဲ့အခါ 

  • Oil Sensor error ရှိမရှိ စစ်ဆေးခြင်း။ 
  • Oil Sensor နှင့် Controller တွေကို ဆက်ထားတဲ့ wire connection တွေကောင်းမကောင်း စစ်ဆေးခြင်း။ 
  • Oil Filter တွေမှာ ပိတ်နေတာမျိုးရှိမရှိ စစ်ဆေးခြင်း။
  • ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးခြင်း။
  • Engine Oil Pressure Gauge ကို အသုံးပြု၍ Oil Pressure ကို စစ်ဆေးခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။ 
  1. Battery Error Alarm 

မီးစက်နှိုးတဲ့အခါ Starter Motor အလုပ်လုပ်ဖို့အတွက် Battery က အဓိကလိုအပ်တဲ့ လျှပ်စစ်လိုအပ်ချက်ကို အဓိက Support ပေးတာပဲ ဖြစ်ပါတယ်။ 

မီးစက်အသုံးပြုနေစဉ် Battery မှာ ချို့ယွင်းချက်တစ်ခုခုရှိလာတဲ့အခါ Battery Error Alarm ကို မီးစက်ရဲ့ Control Panel မှာတော့

  • Battery Voltage Low
  • Battery Charging Failure
  • Battery Not Connected တို့လို Warning message တွေနဲ့ ပြတတ်ပြီး Battery Sign (သို့မဟုတ်) LED light လေးတွေနဲ့လည်း ပြတတ်ပါတယ်။ 

ဒီလိုအခြေအနေမှာ Charging Alternator ကောင်းမကောင်း နှင့် Battery Voltage, Battery Condition  စစ်‌ဆေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ Battery အသုံး Battery Error Alarm နှင့် Sign တွေကို သတိမပြုမိပဲ ဆက်လက်အသုံးပြုမိပါက Battery သေပြီး မီးစက်နှိုးဖို့ အခက်အခဲ ဖြစ်နိုင်တာမို့ Preventive Maintenance ကို ပုံမှန် ပြုလုပ်ပြီး Error တွေကို အချိန်နဲ့ တပြေးညီ ထိန်းသိမ်းပြုပြင်ဖို့ Recommend ပေးလိုပါတယ်။ 

  1. Fuel Level Low Alarm

မီးစက်မှာ လောင်စာဆီနည်းနေတဲ့အချိန်မှာ Fuel Level Low Alarm ကို မီးစက်ရဲ့ Control Panel ကိုပြပေးပါတယ်။ Fuel Level Low Alarm ကို သတိမထားမိပဲ ဆက်လက်အသုံးပြုမိတဲ့အခါ မီးစက်ရဲ့ Engine ကို ဆိုးရွားစွာထိခိုက်စေပြီး မီးစက် အသုံးပြုနေစဉ်မှာ Shut down ဖြစ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီ Alarm ပေါ်လာပြီဆိုရင် မီးစက်ကို အဆင့်ဆင့် စနစ်တကျ ပိတ်၍ အအေးခံပြီးမှသာ Fuel Tank မှာ သင့်တော်တဲ့ လောင်စာဆီကို ဖြည့်ပေးရပါမယ်။ 

Fuel Level Low Alarm မဖြစ်စေဖို့အတွက် မီးစက်ကို အသုံးမပြုခင်မှာ လောင်စာဆီရှိမရှိ သေချာအောင် စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။ 

Fuel system ထိခိုက်မှုကို မဖြစ်စေဖို့ အတွက်လည်း အရည်အသွေးကောင်းမွန်ပြီး မီးစက်နဲ့ သင့်တော်တဲ့ လောင်စာဆီကိုသာ အသုံးပြုခြင်း၊ Filter တွေနှင့် တခြား Fuel System တွေကို ချို့ယွင်းမှုရှိမရှိ စစ်ဆေးခြင်းနှင့်  သန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ 

  1. Emergency Stop Alarm

မီးစက်မှာ Emergency Stop Alarm ပေါ်တတ်တဲ့အချိန်တွေကတော့ တစ်ယောက်ယောက်က emergency bottom ကိုနှိပ်ထားမိတာမျိုး (သို့) ပျက်နေတာမျိုး  ဖြစ်စေနိုင်ပါတယ်။ 

Emergency Stop Alarm ပေါ်လာတဲ့အခါ ပထမဦးဆုံး Emergency Bottom ကိုနိပ်ထားမိလားဆိုတာ အရင်ဆုံး စစ်ဆေးပြီး နှိပ်ထားမိတယ်ဆိုရင်တော့ Emergency Bottom ခဏနှိပ်ထားပြီး ညာဘက်လှည့် Lock ဖြည့်ကာ ပြန်လည် စက်နှိုးအသုံးပြုကြည့်နိုင်ပါတယ်။ 

Emergency bottom ကို နှိပ်ထားမိတာမျိုး မဟုတ်ဘူးဆိုရင်တော့ Control Panel Screen မှာ Error Message ရှိမရှိ အရင်စစ်ဆေးပြီး မီးစက်ကို အဆင့်ဆင့် စနစ်တကျ ပိတ်ကာ Engine မှာ ဆီယိုစိမ့်ခြင်း၊ ဝိုင်ယာကြိုများ ပြတ်တောက်နေခြင်းနှင့် ညှော်နံ့ရှိမရှိ သေချာစွာ စစ်ဆေးသင့်ပါတယ်။ 

(Emergency Stop Alarm က မီးစက်ရဲ့ အရေးပေါ်အချိန်မှာသာ ဖော်ပြပေးတဲ့ Alarm တစ်ခုဖြစ်တာမို့ တတ်သိနားလည်တဲ့ Service Engineer တွေနဲ့ စစ်ဆေးတာကတော့ အ‌ကောင်းဆုံးပဲ ဖြစ်ပါတယ်။) 

မီးစက်မှာ ဒီလို Alarm တွေ မဖြစ်စေဖို့အတွက် 

  • မီးစက်ကို အပတ်စဉ် စစ်ဆေးခြင်း။
  • မီးစက်ကို အသုံးမပြုဖြစ်ပေမယ့် မီးစက်ကို တစ်ပတ်တစ်ကြိမ် နှိုးပေးခြင်း။ 
  • မီးစက် battery ကို စစ်ဆေးပြီး သန့်ရှင်းစွာ ထားခြင်း။
  • မီးစက်မော်တာ အပူလွန်ကဲမှုမဖြစ်စေရန် လေအဝင်အထွက် ကောင်းသောနေရာတွင်ထားရှိခြင်း။
  • အရည်အသွေးကောင်းသော စက်ဆီ/ ချောဆီ ကိုသာ အသုံးပြုခြင်း။
  • Overload မဖြစ်စေရန် မီးစက်၏ သတ်မှတ်ထားသော Load အတိုင်း အသုံးပြုခြင်း တို့ကို မဖြစ်မနေ ဆောင်ရွက်သင့်ပါတယ်။ 

အခုမျှဝေပေးသွားတဲ့ Alarm နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို သိထားခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ မီးစက်တွေကို အသုံးပြုတဲ့အခါ ပိုမိုလွယ်ကူစေပြီး အန္တရာယ်ကင်းစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

တကယ်လို့ မီးစက် အသုံးပြုနေချိန်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဒီလို Error အသေးလေးတွေကြောင့် စိတ်မရှုပ်ချင်ဘူးဆိုရင်တော့ လူကြီးမင်းတို့ရဲ့ မီးစက်တွေကို အချိန်မှန် လာရောက်စစ်ဆေးပေးမယ့်  𝐏𝐓𝐈 ရဲ့ 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐯𝐞 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 & 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 ကို ရယူနိုင်ပါတယ်။

𝟎𝟗 𝟒𝟒𝟏 𝟏𝟎𝟎 𝟐𝟎𝟎

𝐏𝐓𝐈 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞 : အမှတ်(၁၂၈)၊ ကနောင်မင်းသားကြီးလမ်း၊အရှေ့ဒဂုံစက်မှုဇုန်၊ ရန်ကုန်။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : ယ(၁/၁၅၇),၇၃လမ်း, ၁၁၂ နဲ့ ၁၁၃ လမ်းကြား, ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : မဟာဗန္ဓုလလမ်းမ၊ခေမာသီရီရပ်ကွက် ၊ တိုင်းကျော်ဆီဆိုင် မျက်စောင်းထိုး ၊မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

𝐏𝐓𝐈 𝐋𝐚𝐬𝐡𝐢𝐨 𝐁𝐫𝐚𝐧𝐜𝐡 : အမှတ်(၈၆)၊ မိသားစုလမ်းသွယ် ၊နယ်မြေ(၅) ၊ရပ်ကွက်၁၀၊လားရှိုးမြို့

#PTI_Company_Limited

#AKSA_Myanmar

#Generators

#Generators_in_Yangon

#PowerGenerators

#GeneratorsForSaleYangon

#PowerGeneratorsDistributorMyanmar

#Automatic_Transfer_Switch

#မီးစက်