ဝန်ထမ်းတိုင်းအတွက် မိမိတို့ရဲ့ တာဝန်များကို ပြီး‌‌မြောက်အောင် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းခွင်ဆိုတာ လုံခြုံစိတ်ချခြင်း၊ ဘေးအန္တရာယ်ကင်းခြင်း နှင့် အာမခံချက်ရှိခြင်းတို့နဲ့ တည်ရှိနေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်များစွာရှိသည့်အနက် စက်ယန္တရားကြီးများကို အသုံးပြုရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံကြီးများမှာ Safety First ဆိုတဲ့ စကားလုံးလေးအတိုင်း ဝန်ထမ်းများရဲ့ ဘေးကင်းလုံခြုံမှုကို ပိုပြီးဦးစားပေးရပါတယ်။ ဒီလိုလုပ်ငန်းခွင်တွေမှာဆိုရင် Operation တွေကို လွယ်ကူလျင်မြန်စေဖို့ အသုံးပြုရတဲ့ စက်ပစ္စည်းတွေထဲမှာ မီးစက်တွေကလည်း အပါအဝင်ပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ မီးစက်တွေကို အသုံးပြုတဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်ဖို့ အဓိက သတိပြုဆောင်ရွက်သင့်တဲ့ အချက်လေးတွေကို မျှဝေလိုပါတယ်။

၁။ မီးစက်များကို Overload မဖြစ်စေရန် သေချာသတိပြုပါ။ 

မီးစက်တွေက အပူလွန်ကဲတတ်တဲ့ စက်ပစ္စည်းများဖြစ်တဲ့ အလျောက် သတ်မှတ်ထားတဲ့ wattage capacity အတိုင်း အသုံးပြုသင့်ပါတယ်။ သတ်မှတ်ချက်ထက်ကျော်လွန်ပြီး မကြာခဏအသုံးပြုမိပြီး Overload ဖြစ်လာတဲ့အခါ မီးစက်တွေမှာ

✅ အပူချိန်လွန်ကဲခြင်း

✅ ဆီစားနှုန်းပိုများလာခြင်း

✅ Voltage အတက်အကျ အကြိမ်ရေ စိပ်လာခြင်း  

✅  မီးစက်အသုံးပြုနေချိန်အတွင်း မကြာခဏ Shut down ဖြစ်ခြင်း

✅ ချိတ်ဆက်အသုံးပြုနေရတဲ့ လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေခြင်း

✅ မီးစက်ရဲ့ Exhaust မှ ဓာတ်ငွေ့ထုတ်လုပ်မှုပိုများလာပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေခြင်း နှင့်

✅ အင်ဂျင်သက်တမ်းလျော့ကျလာပြီး အလျင်အမြန်ပျက်စီးခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

မီးစက်တွေမှာ ဒီလိုပျက်စီးမှုနဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်စေရန် wattage capacity အတိုင်း တွက်ချက်ပြီး သေချာအသုံးပြုရပါမယ်။  သို့မှသာ overload ကြောင့် အပူလွန်ကဲပြီး ဖြစ်လာနိုင်တဲ့ မီးစက်ပျက်စီးခြင်းနဲ့ မီးဘေးအန္တရာယ်ကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

၂။ မီးစက်များကို အသုံးမပြုခင် သေချာစစ်ဆေးပေးပါ။

မီးစက်များကို စတင်အသုံးပြုဖို့ စက်မနှိုးခင်မှာ

✅ မီးစက်အနီးတစ်ဝိုက်မှာ ခြောက်သွေ့ မှုရှိမရှိ သေချာအောင် စစ်ဆေးခြင်း

✅ အနီးအနားမှာ လောင်စာဆီသိုလှောင်ထားတဲ့ Tank တွေ ရှိပါက အဖုံးလုံအောင် ပိတ်ထားမှု ရှိမရှိ စစ်ဆေးခြင်း

✅ ဆီ၊ ရေ၊ လေ၊ ဝိုင် ဆိုတဲ့အတိုင်း လောင်စာဆီဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ် ၊ ပရိုပိန်း (Propane) တို့ ရှိမရှိ  သေချာစစ်ဆေးခြင်း

✅ ရေတိုင်ကီထဲမှာ လုံလောက်တဲ့ ရေပမာဏ ရှိမရှိ စစ်ဆေးခြင်း

✅ ပန်ကာဒလက်များနှင့် ပန်ကာကြိုးများကို ချောင်မချောင် စစ်ဆေးပေးခြင်းများကို ပြုလုပ်သင့်ပါတယ်။

၃။လျှပ်စစ်အန္တရာယ်ကိုကာကွယ်နိုင်ဖို့ မီးစက်များကို ခြောက်သွေ့သောနေရာများတွင်ထားပါ။

မီးစက်တွေက စက်စွမ်းအင် (Mechanical Energy) ကနေ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့  မီးစက်အသုံးပြုရာတွင် လျှပ်စစ်အန္တရာယ်နှင့် မီးစက်များ ပျက်စီးခြင်းကို ကာကွယ်နိုင်စေရန် မီးစက်တွေကို ခြောက်သွေ့တဲ့ နေရာများတွင် ထားသင့်ပါတယ်။ ရာသီဉတုအလိုက် မိုးရွာခြင်း၊ နှင်းကျခြင်းတို့အတွက်လည်း  လေဝင်လေထွက်ကောင်းတဲ့  မိုးကာတဲများကို အသုံးပြုနိုင်ပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ ရေကြီးရေလျှံခြင်းများအတွက်လဲ ရေဝပ်နိုင်ခြင်းရှိမရှိ သေချာလေး သတိပြုပြင်ဆင်သင့်ပါတယ်။

၄။ Carbon Monoxide အဆိပ်သင့်မှုကို ကာကွယ်နိုင်စေရန် မီးစက်များကို လေဝင်လေထွက်ကောင်းသည့်နေရာတွင် အသုံးပြုပါ။

မီးစက်တွေကို အသုံးပြုတဲ့အခါ မီးစက်ကနေ အရောင်၊ အနံ့မရှိတဲ့ Carbon Monoxide ကို ထုတ်လွှတ်တာကြောင့်  Carbon Monoxide အဆိပ်သင့်မှုကို ဖြစ်စေပြီး အသက်အန္တရာယ်ကို ထိခိုက်စေတာမို့ မီးစက်ကို ဂိုထောင်ကဲ့သို့သော လေဝင်လေထွက် မကောင်းတဲ့ နေရာများမှာ ထားခြင်းကို အထူးသတိပြုရှောင်ကြဉ်သင့်ပါတယ်။

၅။  မီးစက်များကို ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ပေးပါ။

မီးစက်တွေမှာ အဖြစ်များတဲ့ Load Line မမျှခြင်း၊ ရေတိုင်ကီပိတ်ခြင်း၊ ဆီယိုစိမ့်ခြင်း နှင့် Alternator ဘက်ခြမ်းမှာ wire များကို ကြွက်ကိုက်ထားခြင်း စတာတွေကို မသိပဲ မီးစက်ကို အသုံးပြုလိုက်မိတာက Emergency Breakdown လို့ခေါ်တဲ့ ရုတ်တရက် မီးစက်ရပ်တန့်သွားတဲ့ အခြေအနေတွေကို ကြုံရနိုင်ပါတယ်။  Emergency Breakdown ကြောင့် လုပ်ငန်းရဲ့ Operation တွေ နှောင့်နှေးပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် Preventive Maintenance ကို ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

PTI ရဲ့  Preventive Maintenance Service  မှာဆိုရင်

✅ မီးစက်တွေကို နာရီ ၂၅၀ ပြည့်တိုင်း အင်ဂျင်ဝိုင်နှင့် Filter များလဲပေးခြင်း

✅ Battery များကို စစ်ဆေးပေးခြင်းနှင့် သန့်ရှင်းပေးခြင်း

✅ Control Panel ရဲ့ Reading လုပ်နိုင်စွမ်းနဲ့ Indicator တွေ တိကျစွာ ဖော်ပြနိုင်ခြင်းရှိမရှိ စစ်ဆေးပေးခြင်း

✅ Load Line များ ညီမျှမှုရှိမရှိ သိရှိနိုင်စေရန်  Load Test လုပ်ပေးခြင်း

✅ Cooling System များကို စစ်ဆေးခြင်းစတဲ့ ယေဘူယျအချက်အလက်များကို ပုံမှန် စစ်ဆေးပြုလုပ်ပေးတာတွေ ပါဝင်ပါတယ်။

ဒီလို ယေဘူယျအချက်အလက်များကို ပုံမှန် စစ်ဆေးပေးတဲ့  Preventive Maintenance ကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ မီးစက်တွေက  Emergency Breakdown ဖြစ်နိုင်တဲ့ အကြိမ်ရေ နှင့် ဖြစ်နိုင်ချေတို့ကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

၆။ မီးစက်များကို အသုံးပြုပြီးပါက စနစ်တကျ ပိတ်ပါ။

 မီးစက်တွေကို အသုံးပြုရာမှာ ဘေးကင်းစေရန် စနစ်တကျ အသုံးပြုဖို့ လိုအပ်လို့ ပိတ်တဲ့အခါမှာလည်း သေချာဂရုတစိုက်ပိတ်ပေးဖို့လိုအပ်ပါတယ်။ အသုံးပြုပြီးလို့ ပြန်ပိတ်တဲ့အခါမှာလည်း ချက်ချင်း ပိတ်လိုက်တာမျိုးမလုပ်ပဲ

✅ မီးစက်နှင့်ချိတ်ဆက်အသုံးပြုထားသောပစ္စည်းများကို အရင်ပိတ်ခြင်း

✅ မီးစက်ကို unload condition ဖြင့် မိနစ်အနည်းငယ်မျှ ဆက်လက်ဖွင့်ထားပြီးမှသာ မီးစက်အဖွင့်အပိတ်ခလုတ်ကို အသုံးပြုပြီး ပိတ်ခြင်း

✅ ပြီးနောက် Fuel Shutdown စနစ်ကို အသုံးပြုပြီး လောင်စာအသုံးပြုမှုကို ပိတ်ခြင်း တို့ကို အဆင့်ဆင့်ပြုလုပ်သင့်ပါတယ်။

မီးစက်ကို ပိတ်ပြီးတဲ့အခါမှာလဲ ၅-၁၀ မိနစ်ခန့် အအေးခံပြီးမှသာ စစ်ဆေးမှုများ၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

၇။ မီးဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားပါ။

မီးစက်ထားရှိတဲ့ အနီးအနားတွင် ဝါယာကြိုးရှော့ဖြစ်ခြင်း၊ လောင်စာဆီမှားထည့်မိခြင်း စတဲ့ အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သော မီးဘေးအန္တရာယ်များအတွက် Carbon Dioxide မီးသတ်ဆေးဘူးလို့ လူသိများတဲ့  CO₂ or Dry Chemical extinguisher ပါဝင်တဲ့  မီးသတ်ဆေးဘူးကို အရံသင့်ဆောင်ထားသင့်ပါတယ်။

၈။ မီးစက်လည်ပတ်ရာတွင် အသုံးပြုတဲ့ လောင်စာဆီတွေကို အသုံးပြုရာတွင် အထူးသတိပြုပါ။

လုပ်ငန်းသုံးမီးစက်တွေမှာ အသုံးအများဆုံးလောင်စာဆီတွေကတော့ ဒီဇယ်ဆီနှင့်  ပရိုပိန်းတို့ပဲ ဖြစ်ပါတယ်။ စက်သုံးလောင်စာဆီများဖြစ်တဲ့ ဓာတ်ဆီ၊ ပရိုပိန်းနှင့် ဒီဇယ်ဆီတို့သည် မီးလောင်လွယ်တာမို့ မီးလောင်မှုနှင့် ပေါက်ကွဲမှုများမှ ကာကွယ်နိုင်ဖို့ လောင်စာဖြည့်တဲ့အခါ မီးစက်ကို ပိတ်ပြီး အေးသွားသည်အထိ စောင့်ပြီးမှ ဆီဖြည့်သင့်ပါတယ်။ ဆီဖြည့်ရာတွင် လိုသည်ထက်ပို၍ မဖြည့်မိစေရန် သတိပြုပေးရပါမည်။ လောင်စာဆီကို သိုလှောင်တဲ့အခါ ခြောက်သွေ့ပြီး အပူချိန်မများတဲ့နေရာများမှာ သေချာသိုလှောင်သင့်ပါတယ်။

ဒီလို အခြေခံကျတဲ့ အချက်အလက်တွေကို သိရှိထားပြီး စနစ်တကျအသုံးပြုခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ မီးစက်ကြောင့် ဖြစ်နိုင်တဲ့ မီးဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်ခြင်းတွေကို ကာကွယ်နိုင်ပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်  မီးစက် Emergency Breakdown ဖြစ်ခြင်းကြောင့် ကြုံရနိုင်တဲ့ လုပ်ငန်း operation နှောင့်နှေးပြီး အမြတ်‌ငွေများဆုံးရှုံးမှုမရှိစေရအောင် အချိန်များ အလေအလွင့်မရှိစေရအောင် PTI ရဲ့  Technical Service Team မှ အမြဲအကူအညီပေးဖို့ အသင့်ရှိနေပါတယ်။

𝐏𝐓𝐈 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝

𝟎𝟗 𝟒𝟒𝟏 𝟏𝟎𝟎 𝟐𝟎𝟎

𝐏𝐓𝐈 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞 : အမှတ်(၁၂၈)၊ ကနောင်မင်းသားကြီးလမ်း၊အရှေ့ဒဂုံစက်မှုဇုန်၊ ရန်ကုန်။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : ယ(၁/၁၅၇),၇၃လမ်း, ၁၁၂ နဲ့ ၁၁၃ လမ်းကြား, ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : မဟာဗန္ဓုလလမ်းမ၊ခေမာသီရီရပ်ကွက် ၊ တိုင်းကျော်ဆီဆိုင် မျက်စောင်းထိုး ၊မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

𝐏𝐓𝐈 𝐋𝐚𝐬𝐡𝐢𝐨 𝐁𝐫𝐚𝐧𝐜𝐡 : အမှတ်(၈၆)၊ မိသားစုလမ်းသွယ် ၊နယ်မြေ(၅) ၊ရပ်ကွက်၁၀၊လားရှိုးမြို့

#PTI_Company_Limited

#AKSA_Myanmar

#Generators

#Generators_in_Yangon

#PowerGenerators

#GeneratorsForSaleYangon

#PowerGeneratorsDistributorMyanmar

#Automatic_Transfer_Switch

#မီးစက်