လုပ်ငန်းသုံးမီးစက်တွေဆိုတာ ဝယ်ယူတဲ့အခါ ငွေကြေးပမာဏ အမြောက်အမြားကို သုံးစွဲရတာ ဖြစ်လို့ လုပ်ငန်းရှင်များအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ဆိုလို့ရပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုကို လုပ်ဖို့ အတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ရွေးချယ်မှုတွေက မှန်ကန်ဖို့ အရေးကြီးပါတယ်။

လုပ်ငန်းသုံးမီးစက်တွေကို ဝယ်ယူတဲ့အခါ မဝယ်ယူခင်မှာကတည်းက ထားရှိမည့်နေရာ၊ အသုံးပြုမည့် ပမာဏ နှင့် အခြားသော ကြိုတင်ပြင်ဆင်မှုတွေကိုပါ ပြုလုပ်ရသလို ဝယ်ယူပြီးတဲ့အခါမှာလည်း မီးစက်ကို ပုံမှန်ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ပေးရတဲ့ စက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းသုံးမီးစက်တွေ ရွေးချယ်တဲ့နေရာမှာတော့ မီးစက်ရဲ့ အမှတ်တံဆိပ် (Brand)၊ အရည်အသွေး (Quality) ၊ အာမခံချက် (Warranty) ၊ စွမ်းဆောင်ရည် (Performance) တို့သာမက မီးစက်ကို ဝယ်ယူမည့် Company ရဲ့ ဝန်ဆောင်မှုတွေကိုလည်း သေချာလေ့လာသင့်ပါတယ်။

ဒီ Blog လေးမှာတော့ လူကြီးမင်းတို့ကို PTI ကနေ လုပ်ငန်းသုံးမီးစက်တွေ မဝယ်ယူခင် ရရှိနိုင်မယ့် Pre- sales Service တွေ မိတ်ဆက်ပေးချင်ပါတယ်။

PTI Company Limited ကနေ တင်သွင်းရောင်းချနေတဲ့ AKSA လုပ်ငန်းသုံးမီးစက်တွေကို မဝယ်ယူခင်မှာ PTI ရဲ့ Professional Sales Engineer တွေကနေ

💠 On-site Load Survey

💠 Load Calculation

💠 Site Survey

💠 Genset Recommendation တို့ကို လူကြီးမင်းတို့ လုပ်ငန်းနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့အတွက် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

💠 On-site Load Survey

PTI ရဲ့  Pre- sales Service တွေထဲက ပထအဆင့်ဖြစ်တဲ့ On-site Load Survey က ဆိုရင် လုပ်ငန်းရှင် လူကြီးမင်းတွေ မီးစက်တွေ ရွေးချယ်ဝယ်ယူဖို့အတွက် တကယ်ကို အရေးကြီးတဲ့ အခြေခံတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းရဲ့ Operation လည်ပတ်နှုန်းနဲ့ ကိုက်ညီတဲ့ မီးစက်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် PTI ရဲ့ Professional Sales Engineer တွေက လက်ရှိ လုပ်ငန်းမှာ အသုံးပြုနေတဲ့ Load ပမာဏကို တိကျစွာ သိရှိစေရန်

🔹 Electrical panel မှ အသုံးပြုထားတဲ့ load ပမာဏများကို စစ်ဆေးခြင်း

🔹 Circuit breaker rating များကို စစ်ဆေးခြင်း

🔹 Running/peak load များတိုင်းတာခြင်း

🔹 Power factor, voltage, current များကို တိကျစွာ မှတ်သားပြီးခြင်းတို့ကို on-site load survey ရဲ့ ပထမ အဆင့်အနေနဲ့ ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။

ဒုတိယအဆင့်အနေဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ Operation လည်ပတ်နိုင်ဖို့အတွက် အသုံးပြုနေတဲ့ Aircon, Motor , Lighting, Computers, Pumps နှင့် Welding Machines စသည့် စက်ပစ္စည်းကိရိယာတွေ အပေါ်မူတည်ပြီး load ပမာဏ သုံးစွဲမှုကို ချိန်ညှိနိုင်စေရန် Starting load နှင့် Running load အသုံးပြုမှုများကို ခွဲခြားခြင်း ၊ Essential load နှင့် Non-Essential load ဆိုပြီး ခွဲခြားသတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းသုံးမီးစက်တွေ မဝယ်ယူခင်မှာ On- site Load Survey ကနေ Operation မှာ အသုံးပြုလိုတဲ့ ပမာဏအလိုက် အသေးစိတ်သိရှိနိုင်ခြင်းက လူကြီးမင်းတို့လုပ်ငန်းခွင်အတွက် မှန်ကန်တဲ့ မီးစက်ကို ရွေးချယ်ဝယ်ယူနိုင်ရုံသာမက ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။

💠 Load Calculation

 

လုပ်ငန်းသုံးမီးစက်တွေ ဝယ်ယူဖို့အတွက် Load Survey ကို တိကျ သေချာစွာ မှတ်တမ်းတင်ဖို့ လိုအပ်သလို ရလာတဲ့ data တွေအပေါ် အခြေခံပြီး လုပ်ငန်းအတွက် သင့်တော်တဲ့ Load Calculation ကို တိကျသေချာစွာ တွက်ချက်ပေးတာကလဲ တကယ်ကို အဓိကကျတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။

Load Calculation မှာဆိုရင် လုပ်ငန်းရဲ့ Operation ပုံမှန်လည်ပတ်နိုင်ဖို့အတွက် အသုံးပြုရတဲ့ စက်ပစ္စည်းကိရိယာ တစ်ခုချင်းစီရဲ့ load ပမာဏကို တွက်ချက်ခြင်းအပြင်

🔹 Resistive Load

🔹 Inductive Load

🔹 Capacitive Load  တို့ကို အသေးစိတ် ခွဲခြားသတ်မှတ်ပြီး 6 လ၊ 1 နှစ်အတွင်း လုပ်ငန်းမှာတိုးချဲ့အသုံးပြုနိုင်တဲ့  ခန့်မှန်း load တိုးမည့်ပမာဏ တို့ကို တိကျသေချာစွာ တွက်ချက်ပေးမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Load Demand Factor နှင့် Diversity Factor တို့အပေါ် အခြေခံပြီး တွက်ချက်ပေးခြင်းက လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ Oversize / Undersize မဖြစ်စေပဲ အံဝင်ခွင်ကျ အသုံးပြုနိုင်မှာလို့ Operation များကို ပုံမှန်လည်ပတ်စေနိုင်မှာပဲ ဖြစ်ပါတယ်။

 

 

💠 Site Survey

မီးစက်တွေက စက်ပစ္စည်း‌ဖြစ်တဲ့အတွက် မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ခြင်းမရှိတဲ့အခါမှာလည်း  လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်သာမက ပတ်ဝန်းကျင်မှာပါ များစွာ ဆိုးကျိုးရှိစေနိုင်ပါတယ်။ Site Survey လုပ်ခြင်းက လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်ရဲ့ နေရာအနေအထားအလိုက် အသေးစိတ်လာရောက်လေ့လာပြီး မီးစက်ထားရှိရန် အသင့်တော်ဆုံးနေရာတစ်ခုမှာ အန္တရာယ်ကင်းစွာ တပ်ဆင်အသုံးပြုနိုင်ဖို့အတွက် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

မီးစက်မဝယ်ယူခင် Site Survey ပြုလုပ်ရာတွင်

🔹 မီးစက်ထားရှိမည့် တည်နေရာ အကျယ်အဝန်းအလိုက် သင့်တော်တဲ့ Installation Design ကို ပြုလုပ်ပေးခြင်း

🔹 မီးစက် အသုံးပြုရာတွင် Overheating ဖြစ်ခြင်းကို ကာကွယ်ရန် လေဝင်လေထွက် ကောင်းမကောင်းကို စစ်ဆေးပေးခြင်း

🔹 Electrical Cable Route များကို တိကျစွာ သိရှိနိုင်စေရန် စစ်ဆေးပေးခြင်း

🔹 မီးစက်ဝယ်ယူ အသုံးပြုပြီးချိန်မှာလဲ monthly maintenance ပြုလုပ်ရန် လွယ်ကူမှုရှိမရှိ စစ်ဆေးပေးခြင်း

🔹 ရာသီဉတုဒဏ်နှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်နိုင်စေရန် အကြံပြုခြင်း တို့ကို ပြုလုပ်ပေးပါတယ်။ ဒီလို စစ်ဆေးမှုများနှင့် အကြံပြုချက်များကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အတွက် မီးစက်မောင်းနှင် အသုံးပြုရာမှာ ပိုမို လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။

💠 Gen Set Recommendation

လုပ်ငန်းသုံးမီးစက်တွေကို မဝယ်ယူခင်မှာ On-site Load Survey၊ Load Calculation နှင့် Site Survey တွေ ပြုလုပ်ပြီးရင်တော့ ရရှိလာတဲ့ Data များနှင့် Site Info တို့ကို အခြေခံကာ လုပ်ငန်းခွင် အတွက် လုပ်ငန်း Operation ကို ကောင်းမွန်စွာလည်ပတ်နိုင်စေရန် Operation တွင် မီးစက်ကို အသုံးပြုမည့် Duty Cycle & Usage Pattern ၊ ချိတ်ဆက်အသုံးပြုမည့်  Electrical system များနှင့် သင့်တော်မည့်  Phase & Voltage Requirements၊ မီးစက်ထားရှိရာနေရာနှင့် ကိုက်ညီစေရန် Fuel storage access & exhaust routing တို့နဲ့ အညီ Customer ရဲ့ လိုအပ်ချက် ကိုက်ညီသည့် Budget & Model အသင့်တော်ဆုံး လုပ်ငန်းသုံး မီးစက်တစ်ခုကိုရွေးချယ်ဝယ်ယူဖို့အတွက် PTI ရဲ့ Professional Sales Engineer တွေက Gen Set Recommendation ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်။

ဒီလို ကျွမ်းကျင်သူတွေနဲ့ Survey တွေလုပ်ပြီး မှန်ကန်စွာရွေးချယ်ထားတဲ့ လုပ်ငန်းသုံးမီးစက်တွေကို ဝယ်ယူခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ Operation များ ပုံမှန်လည်ပတ်နိုင်ကာ မလိုအပ်သည့် ပြင်ဆင်စရိတ်များနှင့် အပိုကုန်ကျမှုများကို လျှော့ချနိုင်သလို လုပ်ငန်းသုံးမီးစက်တွေမှာ အဖြစ်များတဲ့ Overheating, Overload နှင့် Overvoltage တို့လို Error တွေကို လျော့နည်းစေကာ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ် လည်ပတ်နိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်တိုင်းအတွက် တိကျမှန်ကန်တဲ့ လုပ်ငန်းသုံး မီးစက်တွေကို ရွေးချယ်ဝယ်ယူနိုင်စေရန်  PTI Company Limited က Professional Sales Engineers တွေရဲ့  Pre- sales Service တွေကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနိင်ဖို့ အသင့်ရှိနေတာမို့ Hotline Number 09- 884 100 200 ကို အခုပဲ ဆက်သွယ်ရယူနိုင်ပါတယ် …

𝐇𝐨𝐭𝐥𝐢𝐧𝐞 – 𝟎𝟗 𝟒𝟒𝟏 𝟏𝟎𝟎 𝟐𝟎𝟎

𝐏𝐓𝐈 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞 : အမှတ်(၁၂၈)၊ ကနောင်မင်းသားကြီးလမ်း၊အရှေ့ဒဂုံစက်မှုဇုန်၊ ရန်ကုန်။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : ယ(၁/၁၅၇),၇၃လမ်း, ၁၁၂ နဲ့ ၁၁၃ လမ်းကြား, ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : အမှတ်(၁၇/ခ)၊မြေမြင့်ရပ်ကွက်၊ မြစ်ဆုံဟိုတယ်ဘေး စွယ်တော်လမ်း(ယုဇနဈေးလမ်းနှင့်ပြည်ထောင်စုလမ်းကြား)၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

𝐏𝐓𝐈 𝐋𝐚𝐬𝐡𝐢𝐨 𝐁𝐫𝐚𝐧𝐜𝐡 : အမှတ်(၈၆)၊ မိသားစုလမ်းသွယ် ၊နယ်မြေ(၅) ၊ရပ်ကွက်၁၀၊လားရှိုးမြို့။

#PTI_Company_Limited

#AKSA_Myanmar

#Generators

#Generators_in_Yangon

#PowerGenerators

#GeneratorsForSaleYangon

#PowerGeneratorsDistributorMyanmar

#Automatic_Transfer_Switch

#မီးစက်