လုပ်ငန်းကြီးသည် သေးသည်ဖြစ်စေ

စီးပွားရေးလုပ်ငန်းတစ်ခုစပြီဆိုသည်နှင့် မည်သူမဆို အရှိန်မရပ်သွားဘဲ ရှေ့ဆက်မှုကိုသာ လိုလားကြမှာပါ။

မည်မျှပင် ပြည့်စုံမယ့် Business Plan ဖြစ်စေကာမူ ….

ကြာကြာဝါးမယ့်သွား ကောင်းမှရမယ်ဆိုသလို လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ဖြစ်နိုင်ချေရှိမယ့် Risk / Impact မှန်သမျှ တွက်ချက်လို့ ပြင်ဆင်ရလေ့ရှိပါတယ်။ ဒါကို Business Continuity Plan လို့ ခေါ်ပါတယ်။

Business Continuity Plan မှာ အခက်အခဲ အတားအဆီးကြုံလာရင် ရင်ဆိုင်ကျော်လွှားနိုင်ဖို့ / နှောင့်နှေးမှုမရှိဖို့ ပြုလုပ်ဆောင်ရွက်ရမယ့်နည်းလမ်းတွေ … Backup အပြင်အဆင်တွေ .. ဝယ်ယူဖြည့်တင်းထားရမယ့်အရာ .. တာဝန်ယူခြင်းအဆင့်ဆင့် Protocol က အစ ပါဝင်ပါတယ်။

မြန်မာနိုင်ငံသားပိုင်လုပ်ငန်းတွေမှာ ဒီအမူအကျင့်သိပ်မရှိကြပေမယ့် Corporate လုပ်ငန်းကြီးတွေ FDI တွေမှာတော့ ထိခိုက်ဆုံးရှုံးနိုင်ချေကို Minimize လုပ်နိုင်ဖို့က အဓိက အချက်မို့ BC ရဲ့အခန်းကဏ္ဍက အရေးပါလှတာပါ။

BC အတွက် ပြင်ဆင်တဲ့အခါ မြန်မာနိုင်ငံလိုအနေအထားမှာကျ တခြားနိုင်ငံတွေထက် လိုအပ်ချက်တစ်ခုက ပိုပါတယ်။ SWOT Analysis လုပ်စဉ်ကပင် စွမ်းအင်/မီးပျက်နိုင်မှုဆိုတာကို အားနည်းချက်တစ်ခုအနေနဲ့သိပြီးဖြစ်လို့ မီးစက် Backup Plan ထားရှိဖို့က လုပ်ငန်းတိုင်းနီးပါး ထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။

လိုပါ့မလား တွေဝေမယ်ဆို..?

မနှစ်ကနဲ့ ဒီနှစ်တောင်မတူ မီးပျက်မှုကြာရှည်ချိန်က ပိုမိုလာတာဖြစ်တော့ လုပ်ငန်းနှောင်းနှေးခြင်းတွေက ထင်တာထက်ကို ပိုကြာရှည်လာပါတယ်။

မီးပျက်ခြင်းက လုပ်လက်စအလုပ်တွေကို တုံ့ခနဲရပ်ဆိုင်းစေသလို လုပ်ကိုင်သူတွေရဲ့ နေ့စဉ်စည်းချက်ညီမျှမှုကိုပါ ပျက်ယွင်းစေတယ်လေ။ မမျှော်လင့်တဲ့ တစ်နာရီ နှစ်နာရီလောက်က သီးခံလို့ရနိုင်ပေမယ့် နေ့စဉ်နဲ့အမျှ ဖြစ်နေမယ်ဆို ၁နာရီတွေ ပေါင်းစုခြင်းက ရက်အလား လနှစ်အလား စွမ်းဆောင်ရည်တွေ လျော့ကျလို့ လုပ်ငန်းရဲ့ထုတ်ကုန်တွေလည်းမရ .. ဝန်ထမ်းတွေရဲ့ KVI တွေကိုပါ လျော့ကျကုန်မယ်ဆို ဆုံးရှုံးနစ်နာခြင်းကို လားရာဦးတည်နေပါပြီ။

သာမာန်ချက်ပြုတ်ရောင်းချလုပ်ငန်းလေးတောင် မီးပျက်ခြင်းကြောင့် လုပ်ငန်းထိခိုက်မှုများမယ်ဆို …

အချိန်နှင့်အမျှ စက္ကန့်လေးတောင် မီးပျက်ရင်ဖြစ်မယ့် Data Center တွေ၊ Server ကြီးတွေ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်ရေးတွေဆို မတွေးရဲစရာပါပဲ။ အသားငါးရိက္ခာတွေ သိုလှောင်ရမယ့် အအေးခန်းလုပ်ငန်းတွေ မီးသာပျက်မယ်ဆို လုပ်ငန်းငွေတင်မက မိတ်ဖက်ပါ ဆုံးရှုံးရမှာပါ။

ဒါကြောင့် မီးစက်တစ်လုံး ရွေးချယ်တပ်ဆင်ထားမှုက လုပ်ငန်းအရှိန်မပျက်ယွင်းစေရေးအတွက် အဓိကကျလို့ မီးစက်ကတော့ သေချာရွေးချယ်ဝယ်ဖို့ကို လိုပါပြီ။ မီးစက်ရွေးချယ်ရာမှာလည်း စက်မှုဇုံတွေလို Hotel ကြီးတွေလို လုပ်ငန်းကြီးလေ စွမ်းဆောင်ရည်အားက အရေးကြီးတာမို့ Capacity ကောင်းကောင်းဖြည့်စွမ်းနိုင်သလို တာရှည်ခံမှုက အဓိကကျလာပါပြန်ရော။ သင့်အလုပ်အား အပြစ်အနာအဆာကင်းကင်းနှင့် ကုန်ကျစရိတ်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့လည်း အရေးကြီးပါသည်။

“မီးစက်မဟုတ်တဲ့ မီးစက်”

လုပ်ငန်းသုံး မီးစက်ကြီးများသည် လုပ်ငန်းခွင်ရှိ စက်ကိရိယာများကို လျှပ်စစ်ပါဝါပေးမယ့် အဓိက ပါဝါအရင်းအမြစ်ဖြစ်သောကြောင့် အလုပ်နေရာရှိ အရေးကြီးဆုံးသော ပစ္စည်းကိရိယာများထဲမှာ တစ်ခုအပါအဝင်ပါ။

စက်မှုလုပ်ငန်းတွေ ပြီးမြောက်ဖို့ အကောင်အထည်ဖော်ရာမှာ တပ်ဆင်ထားတဲ့ စက်ကြီးတွေနဲ့ မလိုက်ဖက်မယ့် ဝန်အားမမျှမယ့် မီးစက်ကို မှားယွင်းစွာရွေးချယ်မိခဲ့မယ်ဆိုရင်လည်း သင့်လုပ်ငန်း Budget မှာ မလိုအပ်သော ယိုစီးမှုဖြစ်စေရုံသာမက ပြုပြင်ထိန်းသိမ်းမှုနှင့် ဘေးကင်းလုံခြုံရေးကို ထိခိုက်စေမယ့်ပြဿနာတွေကို ဖန်တီးပေးရာသာရောက်စေမှာပါ။

ပိုဆိုးသည်က သင့်လုပ်ငန်းအရွယ်အစားနှင့် ကုန်ထုတ်လုပ်မှုစွမ်းအားကိုပါ အနှောင့်အယှက် အဟန့်အတားဖြစ်စေမှာပါ။

ဒါကြောင့် စက်မှုအလုပ်နေရာ/လုပ်ငန်းနေရာတစ်ခုခုမှာဖြစ်စေ လူနေအိမ်ပရောဂျက်ကြီးတွေ/ဟိုတယ်/ဆေးရုံတွေမှာဖြစ်စေ

မီးစက်ကို ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်းမပြုမီ သေချာစနစ်တကျ စဉ်းစားရွေးချယ်ဖို့က အရေးကြီးလွန်းတာပါ။

ရွေးချယ်ရာမှာလည်း အမှားယွင်းမဖြစ်ဖို့ လိုတာမို့ လုပ်ငန်းသုံးမီးစက်ရွေးချယ်ရာမှာ အောက်ဖော်ပြပါ အချက်လေးတွေ အနည်းအကျဉ်းဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုပါတယ်။

✔️ လုပ်ငန်းနေရာနဲ့ အကိုက်ညီဆုံး မီးစက်အရွယ်အစားဖြစ်ဖို့ ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆုံးဖြတ်ပါ

✔️ လုပ်ငန်းတည်နေရာနှင့် ဘေးပတ်ဝန်းကျင်/သက်ရောက်မှုရှိနိုင်မယ့် အကြောင်းအရာတွေကို စဉ်းစားပြင်ဆင်ပါ

✔️ သယ်ယူပို့ဆောင်တပ်ဆင်ရေးအတွက် အဆင်ပြေမှုအရှိနိုင်ဆုံးကို ဦးစားပေးပါ

✔️ ကုန်ကျစရိတ်နဲ့အတူ ပြန်ရနိုင်မယ့်အကျိုးအမြတ်/ဒီမီးစက်ရဲ့ ဝန်အားနဲ့လုပ်ငန်းပေါ် အကျိုးပြုနိုင်မှုပေါ် တွက်ဆပါ

✔️ ဝယ်မလား ..? ဌားမလား..? ဆုံးဖြတ်ပါ

ဒီလောက်ဆို မီးစက်တွေရဲ့ အခန်းကဏ္ဍက လုပ်ငန်းခွင်မှာ အရေးပါတာ သိလောက်ပြီမို့ ဝယ်ယူတဲ့အခါ ချွေတာရာရောက်ခြင်းထက် လုပ်ငန်းနောင်ရေးအတွက် အလေးပေး စဉ်းစားစေလိုကြောင်း ဒီဆောင်းပါးလေးက မျှဝေလိုက်ပါတယ်

တဆက်တည်းမှာပင် ကျွန်တော်တို့ PTI Co., Ltd အနေဖြင့်

မြန်မာနိုင်ငံရှိ ရေမြေသဘာဝနဲ့ကိုက်ညီသော လုပ်ငန်းလိုအပ်ချက်အတွက် အဆင်ပြေနိုင်သော AKSA အမျိုးအစား စက်ရုံ/အလုပ်ရုံသုံး Industrial Power Generators မီးစက်သစ်ကြီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။

လုပ်ငန်းဝန်အားနှင့် မီးစက်စွမ်းဆောင်ရည် လိုက်လျောကိုက်ညီမှုရှိစွာ ဝယ်ယူရရှိနိုင်ဖို့

Survey process မှစ တပ်ဆင်အသုံးပြုသည်အထိ One Stop Service ဝန်ဆောင်မှုပေးလျက်ရှိတာမို့ လုပ်ငန်းသုံးမီးစက်အတွက် ခေါင်းကိုက်နေရပြီဆို

PTI ရဲ့ Slogan အတိုင်း လူကြီးမင်းတို့ ရင်းနှီးမြုပ်နှံလိုက်ရသည့် ငွေကြေးထက်ပိုပြီး ပိုသာအောင် ဆောင်ရွက်ပေးမယ့် အရည်အသွေးကောင်းပြီးခိုင်မာစိတ်ချရတဲ့ မီးစက်နဲ့ Service တွေအတွက် PTI Company Limited ကို ဆက်သွယ်ဖို့မမေ့နဲ့ပါနဲ့ ခင်ဗျာ …

ရေရှည်မှာ မီးစက်အတွက် စိတ်အေးဖို့ အခုပဲ 09 441 100 200 ကို ဆက်လိုက်ရအောင် …

PTI Company Limited

09 441 100 200

အမှတ် ၁၂၈၊ ကနောင်မင်းသားကြီးလမ်း၊ အရှေ့ဒဂုံ စက်မှုဇုန်၊ ရန်ကုန်။

Power_Generator #Distribution #Myanmar

AKSA #Sale #Generator_Factory #Market