Tweet


မီးအားပြတ်တောက်ခြင်းက လုပ်ငန်းတစ်ခုအတွက် များပြားလှတဲ့ အကျိုးဆက်တွေကို ယူဆောင်လာလေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးတဲ့ အခြေအနေက အရင်ထက် များစွာ ပိုကောင်းလာတယ်လို့ ဆိုရပေမယ့် တည်ငြိမ်မှုမရှိသေးဘဲ မီးအားပြတ်တောက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ မကြာခဏ ဖြစ်ပေါ်ခြင်းကလည်း လျှပ်စစ်ဓာတ်အား ပေးဝေမှုအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

လုပ်ငန်းသုံး မီးစက်တွေကို ဝယ်သင့်၊ မဝယ်သင့် တွေဝေ စဉ်းစားနေရတယ်ဆိုရင် လုပ်ငန်းသုံး မီးစက်တွေက သင့်လုပ်ငန်းအတွက် ဘယ်လို အထောက်အကူဖြစ်နိုင်မလဲဆိုတာကို ဒီဆောင်းပါးမှာ ကြည့်ရှုပြီး ဆုံးဖြတ်နိုင်ပါတယ်။

၁။ အနှောင့်အယှက်တွေကနေ ကာကွယ်ပေးတယ်

စီးပွားရေးလုပ်ငန်း အများစုအတွက် မီးပြတ်တောက်ခြင်းက ရေခဲသေတ္တာ၊ ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အရေးကြီးတဲ့ စနစ်တွေကို‌ ပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ မီးပြတ်တဲ့အခါ အဆိုပါ အရေးကြီးတဲ့ စနစ်တွေကို အသုံးပြုလို့မရတော့ဘဲ Operation တွေရပ်တန့်မသွားရအောင် အရံမီးစက်ကို လိုအပ်ပါတယ်။

ဆေးရုံတွေမျာ မီးအားပြတ်တောက်မှုဖြစ်တယ်ဆိုရင် လူနာတွေရဲ့ အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါတယ်။ Ventilator လို အသက်ကယ်အကူကိရိယာတွေက လျှပ်စစ်ဓာတ်အား မပြတ် ရရှိနေဖို့ လိုအပ်ပါတယ်။ သဘာဝ ဘေးအန္တရယ်တွေ ကျရောက်ပြီး ထိခိုက်မှုတွေ ဖြစ်တဲ့အခါမှာလည်း ချက်ချင်း ဆေးကုသဖို့ လိုအပ်တဲ့လူနာတွေရှိလာနိုင်တာကြောင့် မီးပြန်လာတဲ့ အချိန်ကို ထိုင်စောင့်နေလို့ မရပါဘူး။

ဒါ့အပြင် လုံခြုံရေးစနစ်တွေရှိတဲ့ ကုမ္ပဏီတွေက အရံမီးအားပေးစနစ် မဖြစ်မနေရှိဖို့ လိုပါတယ်။ Data နဲ့ ပိုက်ဆံတွေ အခိုးခံရတာ၊ Admin ပိုင်းဆိုင်ရာ ပြဿနာတွေ မတက်ရအောင် လုံခြုံရေးစနစ်တွေအတွက် အရံမီးစက် ရှိထားသင့်ပါတယ်။

၂။ ကုန်ကျစရိတ်ကို ချွေတာပေးနိုင်တယ်

မီးစက်တွေကို ကိုယ်ပိုင်ဝယ်လိုက်တာက ငှားတာထက် ပိုပြီး ကုန်ကျစရိတ် သက်သာပါတယ်။ မီးစက်တွေက လုပ်ငန်းအတော်များများအတွက် လက်လှမ်းမီနိုင်တဲ့ တန်ဖိုးမှာပဲရှိပြီးတော့ ထိန်းသိမ်းစောင့်ရှောက် စရိတ်ကလည်း အတော်အသင့်သာ ရှိပါတယ်။

အကယ်လို့ ကိုယ့်လုပ်ငန်းက အစားအသောက်လုပ်ငန်းဖြစ်တယ်ဆိုရင် မီးပြတ်တဲ့အခါ အစားအသောက် ပုပ်သိုးလို့ ပြန်ဝယ်ရတဲ့ ကုန်ကျစရိတ်တွေထက် မီးစက်တစ်လုံးရဲ့ ကုန်ကျစရိတ်က အဆပေါင်းများစွာ နည်းပါးပါတယ်။

၃။ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးတယ်

သင့်ကုမ္ပဏီက နည်းပညာကို အသုံးချရတယ်၊ နည်းပညာပိုင်းဆိုင်ရာတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံထားရတယ် ဆိုရင် ခဏတာ မီးပြတ်တောက်ခြင်းကလည်း ဆုံးရှုံးမှုတွေရှိပြီး သက်ရောက်မှုများပါတယ်။ ကွန်ပျူတာကနေ ပရင့်တာအထိ လျှပ်စစ်ဓာတ်အားနဲ့ မကင်းနိုင်တဲ့ နည်းပညာသုံး Device တွေဟာ မီးအားပြတ်တောက်တဲ့အခါ ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

မီးစက် တစ်လုံးသာရှိထားမယ်ဆိုရင် ဒီလို ထိခို်က ဆုံးရှုံးမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ မီးအားအတက်အကျကြောင့် သင့်လုပ်ငန်းရဲ့ အရင်းအနှီးများတဲ့ လျှပ်စစ်ပစ္စည်းတွေ ထိခိုက် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် လုပ်ငန်းသုံးမီးစက်တစ်လုံးကို ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

၄။ Revenue မဆုံးရှုံးရအောင် ကာကွယ်ပေးတယ်

သင့်လုပ်ငန်းက ကုန်ထုတ်လုပ်ရေးပဲဖြစ်ဖြစ် စားသောက်ကုန်လုပ်ငန်းပဲဖြစ်ဖြစ် ဘယ်လို လုပ်ငန်းအမျိုးအစားမဆို မီးအားပြတ်တောက်ခြင်းက Revenue ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုတစ်ခုမှာ မီးအားပြတ်တောက်ပြီး Facility တွေ ရပ်တန့်သွားခြင်းကြောင့် လုပ်ငန်းတွေအနေနဲ့ တစ်နှစ်ကို (၇.၅) ဘီလီလျံဒေါ်လာ အထက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရတယ်လို့ ဖော်ပြထားပါတယ်။

လက်လီရောင်းချတဲ့သူတွေအနေနဲ့ မီးအားပြတ်တောက်ခြင်းကြောင့် မဖြစ်အနေဆိုင်ပိတ်ရဲ့အခါ ရောင်းအားကျသွားကို ချက်ချင်း ကြုံတွေ့ရမှာ ဖြစ်ပြီး စားသောက်ဆိုင်တွေအနေနဲ့ စားသုံးတွေ ဆုံးရှုံးရမယ့်အပြင် အစားအသောက်တွေ ပုပ်သိုးမှုကြောင့် သိန်းပေါင်းများစွာ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဒေသရဲ့ မီးအားပြတ်တောက်မှု အခြေအနေ (တစ်ခါ ပြတ်ရင် ကြာချိန်၊ အကြိမ်အရေအတွက်) ဘယ်လိုပဲဖြစ်ဖြစ် မိမိလုပ်ငန်းရပ်တန့်မသွားရအောင် အရံမီးစက်တစ်လုံးကို မရှိမဖြစ် လိုအပ်ပါတယ်။

၅။ Customer တွေဆီက ယုံကြည်စိတ်ချမှုရရှိအောင် Reputation ကို ထိန်းသိမ်းပေးတယ်

သင့်လုပ်ငန်းက Customer Service ပေါ်မှာ လုံးလုံးလျားလျား မူတည်နေတယ် (လုပ်ငန်းတိုင်းက Customer Service ပေါ်မှာ အနည်းနဲ့အများ ဆိုသလို မှီတည်နေပါတယ်။) ဆိုရင် မီးပြတ်ပေမယ့်လည်း Service ဆက်ပေးနိုင်တာက Customer တွေရဲ့ စိတ်ကျေနပ်မှုကို တိုးစေပါတယ်။ Service အပေါ် ကျေနပ်မှု မရှိလို့ ဖြစ်လာမယ့် နောက်ဆက်တွဲ ထိခိုက်မှုတွေကိုလည်း ရှောင်ပြီးသား ဖြစ်ပါလိမ့်မယ်။

မီးအားပြတ်တောက်မှုတွေကို ရပ်တန့်အောင် မိမိဘာသာ‌ ထိန်းချုပ်လို့ မရဘဲ မီးပြတ်တဲ့အခါ ကိုယ့်လုပ်ငန်းကို ရပ်တန့်မသွားအောင် ဘယ်လို လုပ်မလဲဆိုတာကိုပဲ ထိန်းသိမ်း စီမံလို့ ရနိုင်ပါတယ်။ ဒီလိုစီမံရာမှာ အဓိက အထောက်အကူ ဖြစ်တဲ့ လုပ်ငန်းသုံး မီးစက်တွေ အကြောင်းကို ပိုပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင် PTI Myanmar ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။