ကုမ္ပဏီကြီးတွေအနေနဲ့ ကွန်ပျူတာတွေ၊ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ စက်ကိရိယာတွေလို လျှပ်စစ်ပစ္စည်းတွေမရှိဘဲ အကြာကြီး လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ Network နဲ့ Web-based နည်းပညာကုမ္ပဏီတွေမှာ မီးအားပြတ်တောက်ခြင်းက လုပ်ငန်းရပ်ဆိုင်းရတဲ့အထိ ဆိုးရွားတဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မီးအားပြတ်တောက်မှုက လုပ်ငန်းတွေအပေါ် သက်ရောက်မှုချင်း မတူညီ ကြပေမယ့် ကိုယ့်လုပ်ငန်းရဲ့ Bottom Line နဲ့ Productivity ကို ထိခိုက်မှုကတော့ အတူတူပဲ‌ ဖြစ်ပါတယ်။

Customer နဲ့ Revenue ဆုံးရှုံးခြင်း

မီးအားပြတ်တောက်တဲအခါ Site တွေ ကျကုန်ပြီး Customer နဲ့ Revenue ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ Customer တွေအနေနဲ့ ကိုယ့်ရဲ့ Website ကို ဝင်လို့မရတဲ့အခါ ကိုယ့်ရဲ့ ထုတ်ကုန်တွေကို လည်း Website ကနေ ဝယ်ယူလို့ မရနိုင်ပါဘူး။ ဒီလို Reputation ထိခိုက်တဲ့အခါ ရေရှည်မှာ ကိုယ့်ရဲ့ Revenue အပေါ် သက်ရောက်မှု ရှိလာပါတယ်။ ဆုံရှုံးလိုက်ရတဲ့ Customer တွေ ပြန်ရဖို့အတွက် Marketing စရိတ် အများအပြားကို အသုံးပြုရနိုင်ပါတယ်။

Unturned Inventory

Inventory Turnover ဆိုတာ သတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်းမှာ ကုမ္ပဏီရဲ့ Inventory တွေကို ရောင်းလိုက်တာ ဒါမှမဟုတ် အစားထိုးလိုက်တဲ့ အရေအတွက်ကို ရည်ညွှန်းပါတယ်။ မီးအားပြတ်တောက်ခြင်းကြောင့် Downtime ဖြစ်ပေါ်တဲ့အခါ Inventory ကိုရောင်းရတဲ့နှုန်းက လျော့ ကျလာပါတယ်။ Customer တွေက ဝယ်ယူခြင်း မပြုလုပ်နိုင်တဲ့ အခါ Unturned Inventory မြင့်တက်လာမှာပါ။

ဝန်ထမ်းတွေရဲ့ Productivity လျော့သွားခြင်း

မီးအားပြတ်တောက်ခြင်းကြောင့် Downtime ရှိလာတဲ့အခါ ဝန်ထမ်းတွေရဲ့ Productivity ကိုပါ ထိခိုက်လာပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အလုပ်ပြီးမြောက်ဖို့ အရေးပါတဲ့ စက်ပစ္စည်းတွေ ရပ်တန့်သွားတဲ့အခါ သူတို့ရဲ့ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှ မဟုတ်တော့ပါဘူး။ နောက်ပြီး System တွေ ပြန်ပြီး အလုပ်လုပ်ဖို့၊ မီးပြတ်လို့ ဆုံးရှုံးလိုက်ရတဲ့ Data တွေကို Recover ပြန်လုပ်ဖို့ IT ဝန်ထမ်းတွေကို အချိန်ပို ဆင်းခိုင်းရတာ၊ ကျွမ်းကျင်သူတွေကို ပြဿနာတွေ ဖြေရှင်းဖို့ ငှားရမ်းရတဲ့ ကုန်ကျ စရိတ်တွေ ရှိလာပါတယ်။ မီးပြတ်တဲ့ကြာချိန်ပေါ်မူတည်ပြီး ဝန်ထမ်းတွေရဲ့ Productivity လျော့ကျမှုက ကိုယ့်လုပ်ငန်းရဲ့ Bottom Line အပေါ်မှာ အကြီးအကျယ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကွန်ပျူတာထဲ သိမ်းဆည်းထားတဲ့ Data များ ဆုံးရှုံးခြင်း

Data တွေ ဆုံရှုံးရတဲ့ ထိပ်ဆုံး အကြောင်းအရင်းတွေထဲက တစ်ခုက မီးပြတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကွန်ပျူတာတွေ၊ Operating System တွေက အလုပ်လုပ်ပုံ ရှုပ်ထွေးပြီး ပါဝါပိတ်တဲ့အခါ သေချာ Shut Down ချပေးဖို့ လိုအပ်ပါတယ်။ မီးပြတ်တဲ့အခါ သေချာ Shut Down မချနိုင်ဘဲ ရုတ်တရက် ပါဝါတွေ ပိတ်သွားတဲ့အခါ Data ဆုံရှုံးမှုတွေ ဖြစ်ပါတယ်။ မီး ခဏ ခဏ ပြတ်လိုက် လာလိုက် ဖြစ်တဲ့အခါ Data သိမ်းဆည်းထားတဲ့ Hard Drive တွေ ပျက်စီးတာ၊ ရေရှည် မခံတာတွေ ဖြစ်တတ်ပါတယ်။

စက်ကိရိယာတွေကို ထိခိုက်ခြင်း

မီးပြတ်တဲ့အခါ မီးအား အတက်အကျ ဖြစ်ပေါ်ပြီး လျှပ်စစ်ပစ္စည်းတွေကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ မီးပြန်လာတဲ့အခါ မီးအားဆောင့်တက်တာကြောင့် ဖြစ်ပါတယ်။ အရံမီးအားပေးစနစ် ကောင်းကောင်းမရှိခဲ့ဘူး ဒါမှမဟုတ် မီးအားအတက်အကျကို ထိန်းညှိပေးမယ့် မီးအားထိန်းညှိစက် ကောင်းကောင်း မရှိခဲ့ဘူးဆိုရင် မီးပြန်လာတိုင်း ကိုယ့်ရဲ့ လျှပ်စစ်ပစ္စည်းတွေ ထိခိုက်မှု ဖြစ်မှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ စက်ပစ္စည်းတွေရဲ့ တန်ဖိုး အနည်းအများအလိုက် ပြင်ဆင်စရိတ်တွေကလည်း ခန့်မှန်းလို့မရနိုင်ပါဘူး။

မီးပြတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို သိရှိထားခြင်းက သင့်လုပ်ငန်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးအမြတ်တွေကို မဆုံရှုံးအောင် ကြိုတင်ကာကွယ်ရာမှာ ပထမဦးဆုံး အဆင့်ဖြစ်ပါတယ်။ မီးပြတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ ဘာတွေ လုပ်သင့်လဲဆိုတာကို နောက်ဆောင်းပါးတစ်ခုမှာ အသေးစိတ် ဖော်ပြသွားပါမယ်။

လူကြီးမင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ PTI Myanmar မှ ကူညီပေးဖို့ အမြဲ အဆင်သင့်ရှိနေပါတယ်။