နွေရာသီက ပူပြင်းခြောက်သွေ့တဲ့ ရာသီဉတု ဖြစ်တဲ့အလျောက် လျှပ်စစ်မီးပျက်ချိန်လည်း ပိုများတာမို့ လုပ်ငန်းခွင်အတွက် လျှပ်စစ်လိုအပ်ချက်တွေကလည်း  ပိုမိုမြင့်တက်လာပါတယ်။ လျှပ်စစ်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ဖြည့်စွက်နိုင်မှသာ လုပ်ငန်း Operation တွေကို မနှောင့်နှေးစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်ရဲ့ လျှပ်စစ်လိုအပ်ချက်များအတွက် မီးစက်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ ဒီလို နွေရာသီမှာ မီးစက်တွေကို အသုံးပြုတဲ့အခါ အဖြစ်များတဲ့ ပြသာနာများနှင့် ဆောင်ရန်ရှောင်ရန်များကို မျှဝေပေးပါရစေ။

နွေရာသီမှာ အပူချိန်များလာတာနှင့်အမျှ မီးစက်တွေမှာ အဖြစ်များတဲ့ ပြသာနာတွေကတော့

1️⃣ အပူလွန်ကဲခြင်း (𝐎𝐯𝐞𝐫𝐡𝐞𝐚𝐭)

2️⃣ 𝐎𝐯𝐞𝐫𝐜𝐮𝐫𝐫𝐞𝐧𝐭 ဖြစ်ခြင်း

3️⃣ 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐈𝐬𝐬𝐮𝐞 တို့ပဲ ဖြစ်ပါတယ်။

1️⃣ အပူလွန်ကဲခြင်း (𝐎𝐯𝐞𝐫𝐡𝐞𝐚𝐭)

မီးစက်တွေက Engine ကို အသုံးပြုပြီး လျှပ်စစ်ထုတ်ပေးတဲ့ စက်ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ နွေရာသီမှာ  ရာသီဉတု ပူပြင်းတာကြောင့်ဖြစ်စေ၊ လျှပ်စစ်လိုအပ်ချက်အလိုက် မီးစက်တွေကို ပိုအသုံးပြုရတာကြောင့် ဖြစ်စေ မီးစက်ရဲ့ အပူချိန်လွန်ကဲရခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသာနာတစ်ခုပဲ ဖြစ်ပါတယ်။

မီးစက် overheat ဖြစ်ခြင်းက

🔸 မီးစက်ရဲ့ ရေတိုင်ကီမှာ Coolant Water အလုံအလောက် မရှိခြင်း

🔸 မီးစက်ရေတိုင်ကီ (Radiator) ယိုစိမ့်ခြင်း

🔸 Cooling Fan & Fan Belt ချောင်နေခြင်း (သို့) ပျက်စီးနေခြင်း

🔸 Air Filter များ ပိတ်ဆို့နေခြင်း

🔸 မီးစက်ကို အချိန်ပြည့် မရပ်မနား မောင်းနှင်အသုံးပြုခြင်း

🔸 မီးစက်မှာ သာမန်အသုံးပြုနိုင်တဲ့ load ပမာဏထက် ကျော်လွန်ပြီး အသုံးပြုခြင်း

🔸 မီးစက်ထားရှိတဲ့နေရာ လေဝင်လေထွက်မကောင်းခြင်း (သို့) အပူချိန်များခြင်း

🔸 မီးစက်ရဲ့ Thermostat မှာ ချို့ယွင်းမှု ရှိနေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

မီးစက်တွေမှာ Overheat မဖြစ်စေရန် မီးစက်ရဲ့ Cooling System တွေဖြစ်ကြတဲ့ ရေတိုင်ကီ (Radiator)၊ Air Filter များ ၊ ပန်ကာဒလက်များနှင့် ပန်ကာကြိုးများကို သေချာစစ်ဆေးသင့်ပါတယ်။ ရေတိုင်ကီ (Radiator) က မီးစက်ရဲ့ Engine ကို အပူလျော့ကျစေတဲ့ Cooling System တစ်ခုဖြစ်တာမို့ ရေတိုင်ကီမှာ ပိတ်ဆို့မှု မရှိစေရန်၊ Coolant Water လုံလောက်စွာရှိနေစေရန်၊ ရေတိုင်ကီအတွင်း သံချေးစားတာမျိုး မရှိစေရန် ပုံမှန် စစ်ဆေးမှုများကို အချိန်မှန် ပြုလုပ်ပေးသင့်ပါတယ်။

မီးစက်ထားရှိဖို့အတွက် နေရာရွေးချယ်တဲ့အခါ စက်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းပြီး Load နှင့် အသုံးပြုရတာဖြစ်လို့ မီးစက်ရဲ့ အပူပျံ့နှံ့နိုင်ဖို့အတွက် လုံလောက်တဲ့ နေရာအကျယ်အဝန်းရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ မီးစက်ကို ထားရှိဖို့ နေရာရွေးချယ်တဲ့အခါမှာ လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးကို ရွေးချယ်သင့်ပြီး အုတ်တံတိုင်းများနှင့် နီးကပ်စွာထားရှိခြင်း၊ မီးစက်အတွက် အမိုးအကာကို ကွက်တိ ပြုလုပ်ထားရှိခြင်းတို့ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

မီးစက်ကို အသုံးမပြုခင်မှာလည်း မီးစက်မောင်းနှင် အသုံးပြုဖို့အတွက် လုံလောက်တဲ့  လောင်စာဆီပမာဏ ရှိမရှိ စစ်‌ဆေးခြင်း၊ မီးစက်ရေတိုင်ကီ (Radiator) အတွင်းမှာ Coolant ပမာဏများကို စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီးမှသာ မီးစက်ကို အသုံးပြုသင့်ပါတယ်။

2️⃣ 𝐎𝐯𝐞𝐫𝐜𝐮𝐫𝐫𝐞𝐧𝐭 ဖြစ်ခြင်း

မီးစက် Overcurrent ဖြစ်ခြင်းကတော့  မီးစက်တွေမှာ အဖြစ်များတဲ့ ပြသာနာတွေထဲက တစ်ခုပဲ ဖြစ်ပြီး နွေရာသီမှာ ပိုပြီး အဖြစ်များပါတယ်။ မီးစက်တွေမှာ overcurrent ဖြစ်လာခြင်းက မီးစက်က မနိုင်ဝန်ကို ထမ်းနေတာဖြစ်လို့ အချိန်ကြာလာတာနှင့်အမျှ  Engine ပျက်စီးခြင်း  ၊ Alternator နှင့် Control Panel တို့လို အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။

Over Current ဖြစ်ရခြင်း အကြောင်းအရင်းတွေကတော့ အထူးသဖြင့်   Aircon၊ Water Pump၊ Welding Machine တို့လို Load ပမာဏ အများအပြားသုံးရတဲ့ စက်ပစ္စည်းများကို တစ်ပြိုင်နက် အသုံးပြုခြင်း၊ မီးစက်ရဲ့  Electrical system မှာ circuit များ ချို့ယွင်းနေခြင်း၊ Protection System အတွက် ထားရှိသည့် Circuit Breaker မှာ ချို့ယွင်းမှုရှိနေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

Overcurrent ဖြစ်ခြင်းကြောင့် မီးစက်ရဲ့

🔹 Alternator Coils ပျက်စီးခြင်း

🔹 Control Panel တစ်ခုလုံး မီးလောင်ခြင်း

🔹 Engine Overload ဖြစ်ပြီး အပူလွန်ကဲခြင်း

🔹 Fuel Consumption ပိုများလာခြင်းအပြင် မီးဘေးအန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

မီးစက်ကို စတင်မဝယ်ယူခင်ကတည်းက မိမိတို့ အသုံးပြုလိုတဲ့ Load ပမာဏကို တတ်ကျွမ်းနားလည်တဲ့ Engineer များနဲ့ တိုင်ပင်တွက်ချက်ခြင်း၊ အသုံးပြုချိန်မှာလဲ  မီးစက်ရဲ့ Automatic Voltage Regulator (AVR) ကို ပုံမှန်စစ်ဆေးခြင်း၊ မီးစက်အတွက် ပုံမှန်ပြုလုပ်သင့်တဲ့ Preventive Maintenance များကို ပုံမှန်ပြုလုပ်ခြင်း နှင့် Load ပမာဏ အသုံးပြုရများတဲ့ စက်ပစ္စည်းမျာကို အသုံးပြုရာတွင် Load Management အတွက် Soft Starter များကို ထည့်သွင်းအသုံးပြုပေးခြင်းတို့ကို ပြုလုပ်ခြင်းအားဖြင့် မီးစက်တွေ Overcurrent ဖြစ်ခြင်းကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

3️⃣ 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐈𝐬𝐬𝐮𝐞

မီးစက်တွေမှာ Battery က မီးစက်နှိုးဖို့အတွက် အရေးကြီးတဲ့ Starter Motor တစ်ခုပဲ ဖြစ်ပါတယ်။ နွေရာသီမှာ ပတ်ဝန်းကျင်အပူချိန်မြင့်တက်လာတာနဲ့အမျှ မီးစက်ရဲ့ Battery မှာ Function ကျသွားခြင်း၊ အားပြတ်ခြင်း၊ Terminal များတွင် ခဲပွင့်ခြင်းစတဲ့ ပြဿနာများ ဖြစ်တတ်ပါတယ်။

မီးစက်တွေမှာ Battery ချို့ယွင်းခြင်းက

🔸 အပူချိန်လွန်ကဲခြင်း

🔸 Charging System ချို့ယွင်းခြင်း

🔸 Battery Terminal တွင် သံချေးတက်ခြင်းနှင့် ခဲပွင့်ခြင်း များကြောင့် ဖြစ်နိုင်ပါတယ်။

Battery ချို့ယွင်းမှု မဖြစ်စေဖို့အတွက်

✅ Battery Voltage စစ်ဆေးမှုများကို အချိန်မှန် ပြုလုပ်ပေးခြင်း

✅ Battery Terminal များကို စနစ်တကျ စစ်ဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ပေးခြင်း

✅ Battery Electrolyte Level ကို ပုံမှန်စစ်ဆေးပေးခြင်း

✅ Battery အပူလွန်ခြင်းမဖြစ်စေရန် မီးစက်ကို လေဝင်လေထွက်ကောင်းတဲ့နေရာတွင် ထားရှိခြင်းနှင့်

✅ Battery သက်တမ်းကျော်လွန်ခြင်း မဖြစ်စေရန် ပုံမှန်စစ်ဆေး လဲလှယ်ပေးခြင်း (၆ လ တစ်ကြိမ်လဲလှယ်ပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်) တို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

အခုမျှဝေပေးသွားတဲ့ အကြောင်းအရာများကတော့ ‌နွေရာသီမှာ မီးစက်အသုံးပြုသူများ အတွက် အဖြစ်များတဲ့ ပြသာနာတွေကို လျော့ချနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

ဒီလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသာနာများကြောင့် လုပ်ငန်းခွင်ကို မနှောင့်နှေးစေဖို့အတွက် 𝐏𝐓𝐈 ရဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐚𝐦 မှ ကျွမ်းကျင် 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 များကိုယ်တိုင် လစဉ်လတိုင်း ပုံမှန်လာရောက် စစ်ဆေးပေးနေပါပြီ။

ဒီလို 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐯𝐞 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ရယူလိုပါက 𝐏𝐓𝐈 ရဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 – 𝟎𝟗 𝟖𝟖𝟒 𝟏𝟎𝟎 𝟐𝟎𝟎 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

𝟎𝟗 𝟒𝟒𝟏 𝟏𝟎𝟎 𝟐𝟎𝟎

𝐏𝐓𝐈 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞 : အမှတ်(၁၂၈)၊ ကနောင်မင်းသားကြီးလမ်း၊အရှေ့ဒဂုံစက်မှုဇုန်၊ ရန်ကုန်။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : ယ(၁/၁၅၇),၇၃လမ်း, ၁၁၂ နဲ့ ၁၁၃ လမ်းကြား, ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

𝐏𝐓𝐈 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞 : မဟာဗန္ဓုလလမ်းမ၊ခေမာသီရီရပ်ကွက် ၊ တိုင်းကျော်ဆီဆိုင် မျက်စောင်းထိုး ၊မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

𝐏𝐓𝐈 𝐋𝐚𝐬𝐡𝐢𝐨 𝐁𝐫𝐚𝐧𝐜𝐡 : အမှတ်(၈၆)၊ မိသားစုလမ်းသွယ် ၊နယ်မြေ(၅) ၊ရပ်ကွက်၁၀၊လားရှိုးမြို့

#PTI_Company_Limited

#AKSA_Myanmar

#Generators

#Generators_in_Yangon

#PowerGenerators

#GeneratorsForSaleYangon

#PowerGeneratorsDistributorMyanmar

#Automatic_Transfer_Switch

#မီးစက်