Blog
မီးစက်တွေက စီးပွားရေးလုပ်ငန်းတွေအတွက် ဘာကြောင့်အရေးကြီးတာလဲ
စီးပွားရေးလုပ်ငန်းတွေမှာ မီးပြတ်တာနဲ့အတူ Service တွေပါ ရပ်သွားတတ်ပြီး ဝင်ငွေ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ စီးပွားရေးဆိုင်ရာ အဆောက်အဦတွေမှာတော့ မီးပြတ်တဲ့အခါ Revenue ဆုံးရှုံးရုံသာမက လျှပ်စစ်မီးနဲ့အလုပ်လုပ်ရတဲ့ နည်းပညာပိုင်းတွေ၊ လုံခြုံရေး၊ Customer ယုံကြည်မှုစတဲ့ ဆုံးရှုံးမှုတွေပါ နောက်ဆက်တွဲ လိုက်လာလေ့ရှိပါတယ်။ ဒီလို အဆင်မပြေမှုတွေနဲ့ ဆုံးရှုံးမှုတွေကို သင့်တော်တဲ့ မီးစက်တစ်လုံး စနစ်တကျဆင်လိုက်ခြင်းအားဖြင့် ရှောင်ရှားနိုင်ပါတယ်။
မီးပျက်တာနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေက တစတစ များပြားလာပါတယ်
နိုင်ငံတကာမှာတော့ မီးပြတ်တဲ့အကြိမ်ရေ တစ်နှစ်ထက်တစ်နှစ် များပြားလာပြီး မီးပြတ်တာကြောင့် ဝင်ငွေ ထိခိုက်ကြတဲ့ ကိန်းဂဏန်းတွေကလည်း တိုးလာလျက်ရှိကြောင်း နိုင်ငံတကာ သုတေသန စာတမ်းတွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့ မီးပြတ်တဲ့ ကြာချိန်၊ အကြိမ်အရေအတွက် လျော့နည်းလာပေမယ့် 2019 ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ASEAN Electricity Sector: 2019 Highlights မှာ မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းတွေ အပါအဝင် တစ်နိုင်ငံလုံးအတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့ ဖိအားတွေရှိနေဆဲလို့ ဖော်ပြထားပါတယ်။
အရံမီးစက်တွေ ထားခြင်းအားဖြင့် ဘယ်လို လုပ်ငန်းအဆောက်အဦတွေအတွက် အကျိုးရှိနိုင်လဲ
Data Center, ရုံးခန်း အဆောက်အဦ၊ ရှော့ပင်းမော၊ လေဆိပ် စတဲ့ ဘယ်လို လုပ်ငန်းအဆောက်အဦပဲဖြစ်ဖြစ် မီးစက်တွေကို ထားရှိ တပ်ဆင်ခြင်းက အကျိုးရှိစေပါတယ်။ စီးပွားရေး အဆောက်အဦတွေ အနေနဲ့ အဆောက်အဦ တစ်ခုလုံးမှာ ရှိတဲ့ အရေးကြီးတဲ့ စနစ်တွေကို လျှပ်စစ်ဓာတ်အားလုံးလောက်စွာ ပေးနိုင်ဖို့ ဒီဇယ် မီးစက်တွေကို တပ်ဆင်နိုင်ပါတယ်။ ဒီအရေးကြီးတဲ့စနစ်တွေက အဆောက်အအုံမှာ နေထိုင်သူတွေရဲ့ လိုအပ်ချက်တွေကို အခြေခံထားတဲ့ စနစ်တွေ ဖြစ်သင့်ပါတယ်။
Standby မီးစက်တွေမှာ Automatic Transfer Switch (ATS) စနစ်ပါဝင်ပြီး အဆောက်အအုံရဲ့ လျှပ်စစ်စနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားရပါတယ်။ ATS ကိုတပ်ဆင်ထားခြင်းဖြင့် မီးပြတ်တဲ့အခါ လူကိုယ်တိုင် မီးစက်သွားမောင်းစရာမလိုဘဲ အလိုလျောက်မီးစက်မောင်းပေးပြီး စက္ကန့်ပိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
မီးစက်တွေက စီးပွားရေးအဆောက်အဦတွေအတွက် ဘာကြောင့်အရေးကြီးတာလဲ
၁။ လုံခြုံမှုကိုပေးနိုင်တယ်
တကယ်လို့ သင့်လုပ်ငန်းကို မီးစက်မရှိဘဲ Run နေမယ်ဆိုရင် ဝန်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ Customer တွေ လုံခြုံမှုအတွက် စိုးရိမ်ရနိုင်ပါတယ်။ သင့်အဆောက်အဦးရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့စနစ်တွေ (ဥပမာ – လုံခြုံရေးကင်မရာ၊ အဝင်အထွက် လုံခြုံရေးနစ်) တွေကို ၂၄ နာရီ မပြတ်ရရှိအောင် မီးစက်တွေက ကူညီပေးနိုင်ပါတယ်။
၂။ Productivity ကို ဆက်ပြီး ထိန်းပေးနိုင်တယ်
ယနေ့ခေတ် စီးပွားရေးလုပ်ငန်း အားလုံးလိုလိုဟာ နည်းပညာပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ မီးပြတ်သွားတဲ့အခါမှာ လျှပ်စစ်ကို အသုံးပြုရတဲ့ အဆိုပါပစ္စည်းတွေကို အသုံးပြုလို့မရတော့ဘဲ အလုပ်တွေ ရပ်ဆိုင်းကုန်ပါတယ်။ မီးပြတ်တဲ့အခါ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး Productivity မကျသွားအောင် လုပ်ငန်းသုံး မီးစက်တွေမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ လုပ်ငန်းသုံး မီးစက်ကောင်းကောင်း တစ်လုံးက သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို မပြတ်လတ်သွားအောင် ကူညီလုပ်ဆောင်ပေးနိုင်ပြီး Productivity ကို ထိန်းထားပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။
၃။ အပူချိန် အပြောင်းအလဲဖြစ်လို့မရတဲ့ ပစ္စည်းတွေအတွက်
လေအေးပေးစနစ်(HVAC System) တွေက အပူချိန် အပြောင်းအလဲဖြစ်လို့မရတဲ့ ပစ္စည်းတွေ (ဥပမာ – Data Center မှ Server များ)အတွက် လျှပ်စစ်မီး ပြတ်တောက်မသွားဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ဖွင့်လို့ရတဲ့ ပြတင်းပေါက်တွေ တော်ရုံတပ်ဆင်ထားလေ့မရှိတဲ့ လုပ်ငန်း အဆောက်အဦတွေမှာ လေအေးပေးစနစ်က လုံးဝပြတ်သွားလို့မရပါဘူး။
မီးပြတ်သွားတဲ့အခါ အဆောက်အအုံရဲ့ လေအေးပေးစနစ်(HVAC System) တွေပါ ရပ်တန့်သွားပါတယ်။ တကယ်လို့ မီးစက်တွေနဲ့သာ လေအေးပေးစနစ်ကို တိုက်ရိုက်ချိတ်ဆက်ထားခဲ့မယ်ဆိုရင် မီးပြတ်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ လေအေးပေးစနစ် ပြန်လည်ပတ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
၄။ အချိန်ကြာမြင့်စွာ မီးပြတ်တောက်သွားခဲ့ရင်
(၂၀၀၈) နာဂစ်မုန်တိုင်းလို မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မယ်ဆိုရင် တစ်မြို့လုံးနီးပါး ဓာတ်အားပြတ်တောက်မှုကို ရက်နဲ့ချီ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးကြုံခဲ့ရင် အဆောက်အအုံမှာရှိတဲ့ Facility (ဓာတ်လှေကား၊ ရေ၊ မီး အစရှိသဖြင့်) တွေကို ဆက်ပြီးပေးထားနိုင်မယ့် အရံ ပါဝါအစီအစဉ် (Backup Power) အတွက် ကြိုတင်စီစဉ်မှုက လုပ်ငန်း အဆောက်အဦတွေမှာ အားနည်းလေ့ရှိပါတယ်။ လုံလောက်တဲ့ ဆီ (ဒီဇယ် လောင်စာ) ကိုသာ မိမိ အဆောက်အဦမှာ ကြိုတင် သိုလှောင်ထားနိုင်ခဲ့မယ်ဆိုရင် Standby မီးစက်တွေက Backup Power အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။
လုပ်ငန်းသုံး မီးစက်တွေက သင့်လုပ်ငန်းကို ကူညီ ကာကွယ် ပေးနိုင်တယ်
သင့်လုပ်ငန်းရဲ့ Business Continuity Plan (BCP) ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ မီးစက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
- မိုးအရမ်းရွာလို့မီးကြိုးတွေ ပြတ်တာ၊
- ရေကြီးခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းစတဲ့ မမျှော်လင့်ထားတဲ့ သဘာဝအန္တရာယ်တွေ၊
- ဓာတ်အားလိုင်းတွေ ပြန်လည်ပြင်ဆင်တာ၊
မီးပြတ်ရာသီ စတဲ့ ဘယ်လိုအကြောင်းအရင်းကြောင့်ပဲ မီးပြတ်ပြတ် လုပ်ငန်းသုံး ဒီဇယ် မီးစက်တွေက မီးပြတ်လို့ သင့်လုပ်ငန်းရဲ့ အကျိုးအမြတ်တွေ မယုတ်လျော့ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ရှေ့မှာဖော်ပြခဲ့တဲ့ အကြောင်းအရင်းတွေဟာ တစ်နှစ်ပတ်လုံး အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် မီးစက်တွေကို တစ်နှစ်ပတ်လုံး ဂရုတစိုက်နဲ့ ထိန်းသိမ်းသင့်ကြောင့် သတိပြုသင့်ပါတယ်။
မီးစက်တွေကို ထိန်းသိမ်းတဲ့အခါ အသုံးကြာပြီး ဒါမှမဟုတ် ပျက်ခါနီးမှ ထိန်းသိမ်းမှုတွေ မပြုလုပ်ဘဲ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအလိုက် ပုံမှန် ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ လိုင်စင်ရ ကျွမ်းကျင်နားလည်တဲ့ လျှပ်စစ် အင်ဂျင်နီယာတွေနဲ့ ပုံမှန်ထိန်းသိမ်းမှု ပြုလုပ်ပေးမယ်ဆိုရင် မီးစက် (Gen Set) တစ်ခုလုံးက အစိတ်အပိုင်းတိုင်းက ကောင်းမွန်စွာ အလုပ်လုပ်နေ မနေကို သိရှိနိုင်မှာဖြစ်ပြီး မီးစက်ကိုလည်း ပိုပြီး Efficient ဖြစ်ဖြစ်နဲ့ ရေရှည် သုံးစွဲနိုင်မှာဖြစ်ပါတယ်။
လူကြီးမင်းတို့လုပ်ငန်းတွေအတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို မီးအားပြတ်တောက်မှုကြောင့် မဖြစ်ပေါ်ရလေအောင် မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုကို ပြုလိုတယ်ဆိုရင်…
ဒါမှမဟုတ်
လူကြီးမင်းတို့ရဲ့ လုပ်ငန်းသုံးမီးစက်တွေကို ပုံမှန်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ရှာဖွေနေတယ်ဆိုရင် PTI Myanmar ကို အခုပဲ ဆက်သွယ်လိုက်ပါ…